တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ကျောင်းသူ/သားများအား အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “မိသားစုစာဖတ်ဝိုင်းမှသည် ….”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်းက သတင်းအတု/သတင်းအမှားများ တုံ့ပြန်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က လူကုန်ကူးမှု/လူမှောင်ခိုကူးမှုဆိုင်ရာများနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောပေးကြောင်း သိရသည်။

ဆက်လက်၍ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ကျောင်းသူ/သားများအား ဆန်းစစ်မေးမြန်းရာ အဖြေမှန်ကို ဖြေဆိုနိုင်သည့် ကျောင်းသူ/သား(၃)ဦးတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ပေးကြပြီး ကျောင်းအုပ်ဆရာကြီးအေးနိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အ.ထ.က-တနင်္သာရီကျောင်းအုပ်ဆရာကြီးဦးအေးနိုင်နှင့် ဆရာမများ၊ GRADE-9 နှင့် GRADE-10 တို့မှ ကျောင်းသူ/သား(၁၈၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)