သီဟိုဠ်စေ့ပေါ်ချိန်တွင် ကလိန်အောင်ဒေသထွက် သီဟိုဠ်စေ့ ဈေးကောင်းရရှိရန် မျှော်လင့်

ကလိန်အောင်   ဇန်နဝါရီ   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ သီဟိုဠ်ခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ် သီဟိုဠ်ပင်များ အဖူးအပွင့်ပွင့်ချိန် အပွင့်များ လှိုင်လှိုင်ပွင့်နေကြကာ အသီးသီးပြီး ရောင်းချရတဲ့ အချိန်ဆိုရင် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမှာကို စိုးရိမ်နေကြကြောင်း ဒီနှစ်တော့ဈေးနှုန်း ကောင်းကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။

" မနှစ်ကတော့ အခုလို ဇန်နဝါရီလကုန် သီဟိုဠ်စေ့ စပေါ်ချိန်မှာ ဈေးနှုန်းက တစ်ပိဿာကို ငွေ (၃၅၀၀)ကျပ်လောက်ပဲ ရပါတယ်" ဒီနှစ်တော့ စထွက်ချိန်ကတည်းက ဈေးကောင်းရရန် မျှော်လင့်နေသည်"ဟု ကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက်တောင်သူတစ်ဦးက‌ ပြောသည်။

အဆိုပါ "သီဟိုဠ်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး စတင်စိုက်ပျိုးအချိန်မှ ဆယ်နှစ်အတွင်း အသီးသီးနှုန်း ကောင်းမွန်ကာ အပင်သက်တမ်း ဆယ်နှစ်ကျော်လျှင် အပင်သာကြီးလာပြီး အသီးသီးနှုန်းမှာလည်း လျော့နည်းလာကြောင်း အချို့နှစ်များတွင် မသီးသည့် နှစ်များရှိလာသလို ယခုနှစ်တွင်သီဟိုဠ်ပင်များသည် အဖူးအပွင့်ပွင့်ပြီး အသီးတင်၍ ဈေးကွက်လည်း ကောင်းမွန်လာစေဖို့ "မျှော်လင့်လျက်ရှိ‌ကြောင်း သီဟိုဠ်ခြံ စိုက်တောင်းသူတစ်ဦးက ပြောသည်။

ခင်ခင်လဲ့(ကလိန်အောင်)