မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက် တောင်သူများနှင့်တွေ့ဆုံ
Jan 30,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးလျက်ရှိသည့် တောင်သူများဆောင်းသီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးထားသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ဇန်နဝါရီလ(၃၀)ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကမာကေးကျေးရွာနှင့် ကော့မုပွန်ကျေးရွာတို့ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံ ကွင်းဆင်း၍ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။