ခန္တီးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ခန္တီး ဇန်နဝါရီ ၃၀

အခြေခံပညာကျောင်းများတွင် (၁၂-၂-၂၀၂၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် စာပေ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စုစုပေါင်း ပြိုင်ပွဲဝင်ဉီးရေ (၃၅)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူ လေးများအား (၁၂-၂-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက်ပြည် ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)