ခန္တီး ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအကြိုလုပ်ငန်းအဖြစ် အဆောက်အဦ စာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းအား ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူ မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက်အကြို လုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ခန္တီးမြို့ပေါ် ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူခြင်းဖြစ်ပြီး ကောက်ကွက်အဖြစ် မြို့မ ရပ်ကွက်တွင် (၅)ကွက်၊ ပေါမိုင်းရပ်ကွက်တွင်(၃)ကွက်၊ ဇီးဖြူကုန်းရပ်ကွက်တွင် (၄)ကွက် စုစုပေါင်း ကောက်ကွက်(၁၂)ကွက်ဖြင့် ကွင်းဆင်း ကောက်ယူသွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)