လေရှီး ဇန်နဝါရီ ၃၀
စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ရေဒေါင် ကျေးရွာနေမြေကွက်ပိုင်ရှင် ဦးမိရေဆင်းစိုက်ခင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင် ၍ တောင်သူများ EM ဘိုကာရှီမြေဆွေပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲအား ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံ ဦးထွန်းဝေက ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ EM ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်ရာတွင် လိုအပ် သော ပစ္စည်းများမှာ ကောက်ရိုး၊ ပဲလှော်၊ လွှစာမှုန့်နွားချေးဆွေး၊ ဖွဲနု၊ EM အရည်၊ သကာရည် စသည့်ပစ္စည်း(၅) မျိုးကို ရောစပ်ပြီး မြေဆွေးပုံကို အလျား ၃ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ပြုလုပ်ရပြီး ကျင်းတူး၍ ပြုလုပ်နိုင်ကြောင်းနှင့် အရိပ်ရှိသော နေရာများတွင်သာ ပြုလုပ်ရကြောင်း သိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ခင်းတောင်သူများ ကောင်းမွန်သော စိုက်ပျိုးနည်းပညာများရရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များရရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မြေအစိုဓာတ်ထိန်ပေးခြင်း၊ အမြစ်သန်စွမ်းခြင်း၊ ပိုးပွားဒဏ်ခံနိုင်ခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ တစ်နှစ်ထက် တစ်နှစ် မြေဆီလွှာရုပ်ဂုဏ်သတ္တိ၊ဒြပ်ဂုဏ်သတ္တိကောင်းမွန်သော အကျိုးကျေးဇူးများရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး တာဝန်ခံ ဦးထွန်းဝေက ရှင်းလင်းပြောကြားကာ EM ဘိုကာရှီမြေဆွေး ရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူ (၂၀) ဦး စုစုပေါင်း(၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)