ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပွဲကျင်း

မင်္ဂလာဒုံ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ခရိုင်တာဝန်ခံ ဦးဘိုကြည်က အဖွင့်မှာစကားပြောကြားပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းက ရုံးလုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသီဟဘော်ဇံနှင့် အတွင်းရေးမှူး ဦးသိန်းထွန်းအောင်တို့က မြို့နယ်အတွင်း စံညီစာကြည့်တိုက်များ ရှင်သန်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ကြပြီးနောက် တက်ရောက်လာသူများနှင့် အကျယ်တဝင့်ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ခရိုင်တာဝန်ခံ ဦးဘိုကြည်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်အတွင်းရှိ အလင်းရောင်စာကြည့်တိုက်၊ ပုလဲရတနာစာကြည့်တိုက်၊ ငွေလဝန်းစာကြည့်တိုက်များကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး စာကြည့်တိုက်များအတွက် လူကြီး၊ လူငယ်များ ဖတ်ရှုနိုင်စေရန်သုတ/ ရသ စာအုပ်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဌေးလင်း