ကျိုက်လတ်၌ တရားမဝင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

ကျိုက်လတ်  ဇန်နဝါရီ   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ တရားမဝင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးဆိုင်များနှင့်ဓာတ်မြေဩဇာဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနများသည် မြို့နယ်အတွင်းရှိ တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသုံးစွဲခြင်း၊ မြန်မာစာအညွှန်းစာဖြင့် တရားဝင်ဆေးများ သာ ရောင်းချဖြန့်ဖြူးသွားရန်၊ ပိုးသတ်ဆေးလိုင်စင် သက်တမ်းကုန်ဆုံး နေသည့်ဆိုင်များကို သက်တမ်းတိုး၍ ဆက်လက်ရောင်းချရန်နှင့် ပိုးသတ်ဆေးရောင်းချသူများ (CPA) သင်တန်း တက်ရောက်ပြီးမှ ပိုးသတ်ဆေးရောင်းချရန်၊ ပိုးသတ်ဆေးစနစ်တကျ သိုလှောင်ရောင်းချရန်၊ တရားမဝင်ဓာတ်မြေဩဇာ ရောင်းချခြင်းမပြုရန်၊ ပစ္စည်းအဝင်အထွက် ပစ္စည်းမှတ်တမ်းရေးသွင်းရန်၊ မျိုးစေ့ရောင်းချသည့် ဆိုင်များအား လိုင်စင်လျှောက်ထားပြီးမှ ရောင်းချရန်တို့အား သတိပေးမှာကြားခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)