ပြည်ကြီးတံခွန် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၈) ရပ်ကွက်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် အရံသန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်များသို့ သွားရောက်ပြီး မီးဖိုအသုံးပြုနေသည့် နေအိမ်များနှင့် အခြားမီးသုံးစွဲနေသည့် နေအိမ်များအား မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးများ စနစ်တကျ သုံးစွဲရန်၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်များ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို တစ်အိမ်တက်ဆင်း လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စောလွင် (ပြန်/ဆက်)