ဓနုဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ဓနုဖြူ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ဇန်နဝါရီလ ၃၀ရက်နေ့ နံနက် ၁၀နာရီအချိန်က အကျော်ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်မှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသတ်ထားရှိမှု အခြေအနေများနှင့်ဖယောင်းတိုင်မီးများ၊ အမွေးတိုင်မီးများနှင့် ခြင်ဆေးခွေများ  စနစ်တကျအသုံးပြုရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တပြေးညီသတင်း‌ပေးပို့ကြရန် စသည်တို့ကို ကျေးရွာနေပြည်သူများအား ဆွေးနွေးမှာကြားပြီး၊ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)