ကျောက်ဆည်မြို့တွင် မီးဘေးသင့်ခဲ့သည့်မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကျောက်ဆည်  ဇန်နဝါရီ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ(၃)နာရီက ဆူးကုန်းရပ်ကွက်၌ ဇန်နဝါရီ(၂၇)ရက်နေ့ ညနေ (၃)နာရီကျော်က လျှပ်စစ်ဝါယာလျှော့ဖြစ်ကာ ရေခဲသေတ္တာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁)စုအား ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် မီးဘေးသင့်ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်(၁)သိန်း၊ လူဦးရေကျား(၂)ဦး၊ မ(၁)ဦး၊ စုစုပေါင်း(၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်နှင့် (၅၉၂၈၅)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၁)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်ခရိုင် (ပြန်/ဆက်)