တံတားဦးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပြုလိုက်နာဆောင်ရွက်ရေး လှည့်လည်နှိုးဆော်

တံတားဦး ဇန်နဝါရီ ၃၁

တံတားဦခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ဆောင်ရွက်ခြင်း၊ တံတားဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများလျော့နည်းပပျောက်ရေးတို့အတွက် အသိပေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ (၃)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည် ။

ထိုသို့ကွင်းဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးမျာထားရှိရေး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီး၊ မီးဖိုမီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ပြီးမှ အိပ်ရာဝင်ကြရန်၊ ထင်းမီးဖိုဖြင့် ချက်ပြုတ်အသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ စနစ်တကျ ကျင်းတူး၍ အသုံးပြုခြင်းများဆောင်ရွက်ရန်နှင့် ချက်ပြုတ်ပြီးပါက မီးကိုစနစ်တကျ ငြိမ်းသတ်ထားရန်၊  တရားမဝင်လောင်စာဆီများ၊ သိုလှောင်ရောင်းချခြင်းမပြုလုပ်ကြရန် မိမိနေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေကန်များတွင် ရေဖြည့်ထားရန်နှင့် အမှိုက်သရိုက်များ မီးရှို့လိုပါက သတိပြုဆောင်ရွက်ကြရန်စသည့်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ထုတ်ပြန်ထားရှိမှုအချက်များအပါအဝင် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများတစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)