သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်း

သံတောင်ကြီး ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီးစသည့် နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။

အဆိုပါ နနွင်းများကို မိုးတွင်းအချိန်တွင် စိုက်ပျိုးပြီး ဆောင်းတွင်းအချိန်တွင် နနွင်းများကိုတူး၍ ရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာ နေပူလှန်းခြင်းတို့ကို ဆောင်ရွက်ကာ ရရှိလာသည့် နနွင်းများကို အရောင်တက်လာစေရန် ဇကာများဖြင့် နေလှန်းသည်။ ထိုနောက် နနွင်းခေါက်များကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ယခင်နှစ် နနွင်းအ‌ခြောက်တစ်ပိဿာကျပ် (၆၀၀၀)အထိ ရှိသော်လည်း ယခုနှစ်တွင် နနွင်းအခြောက်တစ်ပိဿကျပ် (၄၅၀၀) အထိသာရရှိသည့်အတွက် ဈေးနှုန်းကျဆင်းကြောင်း နနွင်းစိုက်ပျိုးလုပ်ကိုင်သူဦးရီးထူးထံက သိရသည်။

နော်နော်မူ