ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်  ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏  အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အပတ်စဥ်  ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်နှင့်အနီးအနားရှိ  အသက် (၄၀) နှင့်အထက်သက်ကြီး ရွယ်အိုများ၊ သွေးတိုး၊ ဆီးချို ရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ  စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများခံယူနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊  ကျန်းမာရေးအသိ ပညာပေးခြင်းများကို  မြို့နယ်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)