လသာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Feb 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် လသာမြို့နယ်မီးသတ်ဉီးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးဆိုင်ရာအသိပညာပေးညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယမန်နေ့ညနေပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်(၉)၊ ရပ်ကွက်(၁၀)ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းဆက်လက်နှိုးဆော်ခဲ့ကြောင်းသိရသည်။