သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် အ.လ.က(ဝါးရုံစု)၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲကျင်းပ
Feb 01,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ(၁)ရက်၊ နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဝါးရုံစု)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ
Feb 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 01,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြိုနယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ပုလောမြို့ အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့ အစိုးရစက်မှု၊ လက်မှု သိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Feb 01,2024
မ​ကွေးတိုင်း​​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက​ချောက်မြို့ အစိုးရစက်မှု၊ လက်မှု သိပ္ပံကျောင်းခန်းမတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်းနှင့် ​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ ဖိတ်​ကြားထားသူများ၊ ချောက်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း၊ ​ဒုတိယ​ကျောင်းအုပ်ဆရာကြီး ဦးညိုချောနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်နှင့်ကျပန်းစကားပြောပြိုင်ပွဲ ဆုများချီးမြှင့်
Feb 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် Book Club အသင်းနှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆို ခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်း အခမ်းအနား ကော့သောင်းမြို့၌ ကျင်းပ
Feb 01,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း အပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်/ဆင်း လိုက်လံ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် စခန်းတွင်း လေ့ကျင့်မှုများ လေ့ကျင့်ဆောင်ရွက်လျက်ရှိ
Feb 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်စခန်း၊ ပုဂံ/ငါ့သရောက်၊ တောင်ဇင်းနှင့် စဉ့်ကူးနယ်မြေမီးသတ်စခန်းများရှိ တပ်ဖွဲ့ဝင်များအနေဖြင့် စွမ်းရည် (၄)ရပ် ထက်မြက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။