သတင်းများ

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်
Feb 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ် နှစ်အောက်ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး
Feb 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
အခြေခံပညာအလယ်တန်းကျောင်း (ကမာဝက်) တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Feb 02,2024
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.လ.က (ကမာဝက်) စာသင်ကျောင်း၌ ကျင်းပသည်။
 မိတ္ထီလာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးဆိုင်ရာထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး
Feb 02,2024
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကင်းဝင်းစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မိုးနဲမြို့နယ် ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများက မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုးညိုမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Feb 02,2024
ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက သာယာကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကာလိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများကို ပလတ်စတစ်များ စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျိုင်းလွန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။