ဇေယျာသီရိ ဖေဖော်ဝါရီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးဂါကြိုတင်ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက်ရှိသည်။
ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါဖြစ်သော ခွေး၊ ကြောင်မှ လူ(သိုမဟုတ်) တိရစ္ဆာန်သို့ ကူးစက်ခံရပါက ၁၀၀ ရာခိုင်နှုန်း အသက်အန္တရာယ်ဆုံးရှုးနိုင်သဖြင့် ခွေးလေခွေးလွင့်ကောင်ရေလျော့ချရေး၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူကိုယ်တိုင် မိမိ၏တိရစ္ဆာန် (ခွေး၊ ကြောင်)များကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည့် အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်စုခိုင်နှင့် ဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ထိုးနှံပေးခြင်းဖြစ်ရာ ယနေ့တွင် ဇေယျာသီရိမြိုနယ် စည်ပင်ကြီးကျေးရွာအုပ်စုနှင့် သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့သည်။
ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်ခြင်း၊ တိရစ္ဆာန်အချင်းချင်း ကူးစက်ခြင်းများကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများတွင် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)