မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး

မင်းဘူး ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ (Pfizer) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းပူးဦးဩဘာသ ခန်းမတွင် ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ခရိုင်နှင့်မြို့နယ်စီမံဥက္ကဋ္ဌများက ကြီးကြပ်စစ်ဆေးကာ၊ ကာကွယ်ဆေးထိုးမည့် ပြည်သူများအား ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံဝန်ထမ်း ၅၀နှစ်အထက်၊ အသက် ၆၅ နှစ်အထက် ပြည်သူများ၊ အသက်၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် သုံးလအထက်ကိုယ်ဝန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original Strain) ထပ်ဆောင်းထိုးနှံပေးခြင်းကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျထက်(မင်းဘူး)