ရွှေသောင်ယံမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေသောင်ယံ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးမှ ပုသိမ်မြို့နယ် စုပေါင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ပြန်လည်ရှင်းလင်းခြင်း၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းဖြင့် ရွှေသောင်ယံ ဒေသအတွင်းလုံခြုံရေး၊ စိုက်ပျိုးရေးဆိုင်ရာများကို တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ပုသိမ်မြို့နယ် စုပေါင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ပြန်လည်ရှင်းလင်းခြင်း၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်းဖြင့် ရွှေသောင်ယံဒေသအတွင်းလုံခြုံရေး၊ စိုက်ပျိုးရေးဆိုင်ရာများကို တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)