ငါန်းဇွန် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်နှင့် ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်)ကျောင်းသား/သူ (၂၈)ဦး၊ ကဗျာပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်) ကျောင်းသား/သူ(၂၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်) ကျောင်းသား/သူ(၁၇)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် (ထက်ဆင့်) ကျောင်းသား/သူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/သူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)