သတင်းများ

ကျောက်ဆည်မြို့နယ် ကတဲကျေးရွာအုပ်စု သူငယ်တော်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ၌ ရာသီ သီးနှံများဖြစ်သည့် ကာလတို ဟင်းသီး၊ ဟင်းရွက် သီးပင်၊ စားပင်များ စိုက်ပျိုးသည့်အပြင် ငရုပ်၊ ကြက်သွန်၊ ဆီထွက်သီးနှံမျိုးစုံနှင့်  ပဲသီးနှံ မျိုးစုံစိုက်ပျိုးထားရှိရာ ကတဲကျေးရွာအုပ်စု၊ သူငယ်တော်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး
Feb 01,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ (Pfizer) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းပူးဦးဩဘာသ ခန်းမတွင် ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်စကားဝိုင်း ကျင်းပ
Feb 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နံနက် (၉) နာရီက အဆိုပါ ကျောင်းဘက်စုံးသုံးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့မူလွန်စံဖဲကျောင်း၌ အသက်(၇)နှစ်အောက် (KG)ကလေးငယ်များ ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၇)နှစ်အောက်(KG)ကလေးငယ်များကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက ညောင်လေးပင်မြို့မူလွန် စံဖဲကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကလိန်အောင်မြို့တွင် (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အကြို အထိမ်းအမှတ် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲ ဆောင်ရွက်
Feb 01,2024
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးအထောက်အကူပြု စေတနာ့ဝန်ထမ်း မွမ်းမံသင်တန်း (VolunteerRefresher Training) ဆင်းပွဲကျင်းပ
Feb 01,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးဌာနနှင့် Health Poverty Action(HPA)အဖွဲ့ပူးပေါင်း၍ ကျန်းမာရေးအထောက်အကူပြု စေတနာ့ဝန်ထမ်း မွမ်းမံသင်တန်း (Volunteer Refresher Training) ဆင်းပွဲကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုလက်မှုသိပွံ (ကျောက်ဆည်)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။