စဉ့်ကိုင် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို အမှာစကားအဖြစ်ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အတွင်းရေးမှူး ရဲမှူးသိန်းလွင် တို့က လုံခြုံရေးအရဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မိမိတို့ဌာနများသို့ လုံခြုံရေးအထူး သတိထား၍ ဆောင်ရွက်သွားကြရန် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်နှိုင်းမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)