သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၁/၂၀၂၄ သင်တန်းအမျိုးသား သူနာပြုဝတ်စုံနှင့်သူနာပြုဦးဆောင်း အပ်နှင့်ခြင်းအခမ်းနားကျင်းပ
Feb 02,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၁/၂၀၂၄ သင်တန်းအမျိုးသားသူနာပြုဝတ်စုံနှင့် သူနာပြုဦးဆောင်း အပ်နှင်းခြင်းအခမ်းနားကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ပင်မဆောင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်တင်ကျော်၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်မြို့ပေါ်ရှိဆေးရုံအသီးသီးမှ ဆေးရုံအုပ်ကြီးများနှင့် သူနာပြုအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သူနာပြု တက္ကသိုလ်-ရန်ကုန်မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြသည်။