သတင်းများ

ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Feb 02,2024
ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက(အ.ထ.က)ချောင်းဆုံကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးတင်လင်းဦးနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေရုံသာမက မှတ်စုစာအုပ်တွင်မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည်စာပေများအဖြစ်အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲနှင့် အမျိုးသားသွေးလှူဌာနတို့ပူးပေါင်း၍ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် အမျိုးသားသွေးလှူဌာနတို့ပူးပေါင်း၍ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းပွဲအခမ်းအနားကို ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတည်ရှိရာ ဥပဒေပညာဌာနတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကျင်းပ
Feb 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို  ယနေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့ အမှတ် (၄) အခြေခံပညာအလယ်တန်း‌ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ကြံခင်းမြို့နယ်(အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ်၊ (အ.ထ.က)ခွဲ ထိန်ပင်မြောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။