မြန်အောင် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန် မွမ်းမံ သင်တန်းလေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့ မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းစိုး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကိုကိုနိုင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အရန်မီးသတ်သင်တန်းသား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)