ဒိုက်ဦး ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မြို့နယ်အတွင်း မီးဘေးအန္တရာယ်များ မဖြစ်ပွားမပေါ်ပေါက်စေရေး ပြည်သူများမီးအမျိုးမျိုးသုံးစွဲခြင်းကို စနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား သိရှိစေရန် စသည့်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒိုက်ဦးမြို့ပေါ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို သရုပ်ပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)