မိုင်းနောင် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တောင်တန်းပြည်မမခွဲခြား တစ်သားထဲအမြဲရှိနေသည့် တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုများကို သိရှိနားလည်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ အမြဲရှင်သန်နေစေရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး စာစီစာကုံးရေးသားခြင်း အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေရေးသားခြင်း ကျွမ်းကျင်စေရန်နှင့် မြန်မာစာမြန်မာစကား၏ လေးနက်မှုကို သိရှိစေရန်ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)