ပြင်ဉီးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ   

ပြင်ဉီးလွင် ဖေဖော်ဝါရီ  ၂               

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။

ရှေးဉီးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဝင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲတွင် ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးကို  ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး ကျရာကဏ္ဍတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ဖွင့်လှစ်သင်ကြားပို့ချခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး  တာဝန်ရှိသူများက သင်တန်းသားများအား ယူနီဖောင်းများ  အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို  (၈-၁-၂၀၂၄) ရက်နေ့မှ(၂-၂-၂၀၂၄) ရက်နေ့အထိ နံနက် ၉ နာရီမှ  မွန်းလွဲပိုင်း ၁၆ နာရီအထိ  သင်တန်းနည်းပြ  ဆရာများမှ စာတွေ့၊  လက်တွေ့ သင်ကြားပို့ချလျက်ရှိရာ  မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၅၀) ဉီး သင်ကြားပို့ချခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)