ကွန်ဟိန်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပုံတူအရုပ်ဆွဲပြိုင်ပွဲအား ယနေ့နံနက်(၁၀:၀၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်မှ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ ပုံတူအရုပ်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)