ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်
Feb 02,2024
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရုံး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။