သတင်းများ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီလုံ-တာပေါင်-ပတ-ကော့ကရိတ် (တံတားကျိုး)လမ်း ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီလုံ-တာပေါင်-ပတ-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီ ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ
Feb 09,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Communty Centre) ခန်းမ၌ ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ် အ.မ.က(မူလွန်)သူဌေးကုန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ သူဌေးကုန်းကျေးရွာ အ‌ခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။
ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Feb 09,2024
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် သီလရှင်များနှင့် ကျေးရွာနေမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ သီလရှင်များနှင့်ကျေးရွာနေမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ၀ါးရုံကုန်းကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၏ စာဖတ်ဝိုင်းကျင်းပ
Feb 09,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အနေဖြင့် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်ဆောင်းသီးနှံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ ဖြူးချောင်းဘေးတွင်ရှိသော ကျွန်းကုန်းကျေးရွာ၌ စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်ဆောင်းသီးနှံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုမှာ ဖြစ်ထွန်းမှုရှိပြီး စျေးကွက်ရှိခြင်းကြောင့် ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက် ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Feb 09,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက် ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ကကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။