သတင်းများ

တာမွေမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ‌‌ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Feb 09,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်‌‌ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Feb 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်း​ကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ပူးပေါင်း၍ ပြည်သူများသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့မွန်းလွဲ(၁)နာရီက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ် (မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား
Feb 09,2024
နည်းပညာတက္ကသိုလ် (မော်လမြိုင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် နှစ်ဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မသီရိမဟာထေရ်ကြီး ဘဝနတ်ထံပျံလွန်တော်မူ
Feb 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက်ကြီး၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဓမ္မသီရိမဟာထေရ်ကြီးသည် သက်တော်(၉၇) နှစ်၊ သိက္ခာတော် (၇၇) ဝါအရ ၁၃၈၅ ခုနှစ်၊ ပြာသိုလဆုတ် (၁၄) ရက်၊ (၈-၂-၂၀၂၄) ရက် ကြာသပတေးနေ့ နံနက် ၀၀ နာရီ ၀၂ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် အန္တိမဈာပနအခမ်းအနားကို ၁၃၈၅ ခုနှစ်၊ တပေါင်းလဆုတ်(၁၃)ရက်၊ (၆-၄-၂၀၂၄) စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခတ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်အသိပညာ‌ပေး စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ
Feb 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသခဲ့သည်။
ရွှေကျင်မြို့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆေးမျိုးစုံရောင်းချနေသောဆိုင်များရှိ ဆရာဝန်ညွှန်ကြားချက်မလိုသောအိမ်သုံးဆေးဝါးများအား လိုက်လံစစ်ဆေး
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းက ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ ဆေးမျိုးစုံရောင်းချနေသောဆိုင်များ၌ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများအားလိုက်လံစစ်ဆေး၍ အိမ်သုံးဆေးဝါးနှင့် လိမ်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ၊ မရှိနှင့်စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ၊ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့သည်။