သတင်းများ

ခန္တီးမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်
Feb 08,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အသိ‌ပညာပေးလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးသည့်လူငယ်များဖြစ်လာစေရန်၊ အတွေးအခေါ် မြင့်မားသည့်လူငယ်များဖြစ်လာစေရန်နှင့် စကားပြောစွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ဝေဇယန္တာလမ်းနိုင်လွန်ကတ္တလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများဖွင့်ပွဲ အခမ်း အနား ကျင်းပ
Feb 08,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပထမအကြိမ် နေ့ညအသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Feb 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရေဦးမြို့နယ်သာသနာရေးဦးစီးဌာနတို့ စီစဉ်ကျင်းပသော ပထမအကြိမ်နေ့ညအသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကံတွင်းကျောင်းတိုက် သဗ္ဗဣဒ္ဓိရွှေသာလျောင်း ဘုရားဆောင်သစ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ ကြွရောက်တော်မူခဲ့ကြသည်။
ရွှေဘိုခရိုင်နှင့်မြို့နယ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်​ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများကွင်းဆင်း​​ဆောင်ရွက်
Feb 08,2024
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးတန်ဖိုးလျှော့နည်းစေရေးတို့အတွက် ပြည်သူများ မီးဘေးသတ မီးဘေးအသိရှိပြီး မီးကိုစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍ ယမန်​နေ့နံနက်ပိုင်းက​ ရွှေဘိုစက်မှုဇုန်ရှိစက်ရုံ/ အလုပ်ရုံ/ သို​လှောင်ရုံများ အမှတ် (၁၀) ၊ အမှတ် (၃) ရပ်ကွက်နှင့် ခင်ဦးမြို့မြကန်သာရပ်ကွက်ရှိ၊ လူ​နေအိမ်၊ ဘာသာ​ရေးအ​ဆောက်အဦများအားခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများပူးပေါင်း၍မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ လဝကဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှု့
Feb 08,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဖေဖော်ဝါရီလ (၈) ရက်နေ့နံနက် (၉) နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ လဝကဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်
Feb 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၂) နာရီက (အ.ထ.က) ငရုတ်ကောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Feb 08,2024
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူးကြီးကြပ်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်များရှိ လူနေအိမ်များ၊ စက်ရုံများ၊ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများနှင့်အသိပညာပေးခြင်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည်။
ခိုလမ်မြို့၊ အခြေခံပညာစာသင်ကျောင်းများသို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များကို  အခြေခံပညာစာသင်ကျောင်းများသို့ ယနေ့နံနက် ၁၀နာရီအချိန်တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။