သရက် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Communty Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ပြောကြားရာမှာ ယခုလိုပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းကျင်မှုရှိစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ဆရာမကြီး ဦးမြင့်သိန်းက အမှတ်ပေး စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင် ကျောင်း (၈) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ပုံပြောပြိုင်ပွဲ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် ၁၁ နာရီတွင် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများ ပေးအပ်သွားခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)