သတင်းများ

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ (အ.ထ.က) ကျောင်း၌ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Feb 09,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အကြို  အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Feb 09,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူထု အခြေပြုဗဟိုဌာန Community Centre  ခန်းမ တွင် (၇၇)နှစ်မြောက် ပြည်ထောင်စု​နေ့အကြို အသိပညာပေး‌ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလာတက္ကသိုလ်တွင်ကျင်းပသည့် ဈေးရောင်းပွဲတော်နှင့်ပဒေသာကပွဲသို့ တက်ရောက်အားပေး
Feb 09,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဈေးရောင်းပွဲတော်နှင့်ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် မြင်သာကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ
Feb 09,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စင်မြင့်ကျေးရွာအုပ်စု မြင်သာကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို၊ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ထရန်စဖော်မာတည်ရှိရာ မုဒ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်း ကတ္တရာလမ်းနှင့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် ကတ္တရာလမ်းသစ်ဖွင့်လှစ်
Feb 09,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းကတ္တရာလမ်းနှင့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းပိုင်းမုခ်ဦးများ တည်နေရာ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်သည် ကျွန်းစုမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃)နှင့် Biometric အချက်အလက်များ စာရင်းကောက်ယူနေမှုအား ကြည့်ရှူစစ်ဆေး
Feb 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးရရှိရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၃)နှင့် Biometric အချက်အလက်များ စာရင်းကောက်ယူနေမှုအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Feb 09,2024
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူးပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘက်စုံစွမ်းရည်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2024
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘက်စုံစွမ်းရည်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ City Home ခန်းမ၌ ကျင်းပသည်။