ညောင်လေးပင်မြို့နယ်တွင် သီလရှင်များနှင့် ကျေးရွာနေမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

ညောင်လေးပင် ဖေ​ဖော်၀ါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ သီလရှင်များနှင့်ကျေးရွာနေမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ၀ါးရုံကုန်းကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့သည်။

ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် ၀န်ထမ်းများက သီလရှင်များနှင့် ကျေးရွာနေ မိဘပြည်သူများအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ထားသောနေ့များအလိုက် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)