ဟုမ္မလင်းမြို့နယ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ဟုမ္မလင်း ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ခေါင်ခမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ-လ-က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဧဆက်က (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူးဦးလိုင်းလင်းမူက လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမဥ္ဇူအေး ကစာဖတ်ခြင်းဖြင့်ကြီးမြှင့်မည် ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် သုတ/ရတစာအုပ်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး၊ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာဗဟုသုတများရရှိစေရန်ပြသထားသည့် စာအုပ်၊ စာစောင်များ၊ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အတွက် နံရံကပ်စာစောင် ပြသထားရှိမှုတို့အား စိတ်ဝင်တစား လေ့လားကြည့်ရှုခဲ့ကြပြီး၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝပေးခဲ့ကြပြီး၊ ဆရာ/မများအတွက် စာအုပ်စာစောင်များကို မိုဘိုင်းစာကြည့်တိုက် စနစ်ဖြင့်စာအုပ်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)