ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များမှ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး

ဟင်္သာတ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှဦးစီး၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များမှ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက ပူးပေါင်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာသို့ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ၊ FDA မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းအဖွဲ့က ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များမှ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်/ကန့်သတ်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်