သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

သာပေါင်း ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌ ကျင်းပကြသည်။

စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်မှ မီးသတ်ဦးစီးဌာန သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံနှင့် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများအား အချိန်မီကယ်ဆယ်ရေးလုပ်ငန်းတာဝန်များ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး မီးအသုံးပြုဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ မီးငြှိမ်းသတ်နည်းများ၊ မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်နိုင်ရန် မီးသတ်စခန်း ဖုန်းနံပါတ်၊ မီးသတ်ဆေးဘူး သုံးစွဲနည်းအဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် အောက်စီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)