ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာအုပ်စုနှင့် ကညင်ငူ ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော အုတ်တွင်းချောင်းတံတားကျိုးကျမှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေး

ငပုတော ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက  ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာအုပ်စုနှင့်ကညင်ငူ ကျေးရွာအုပ်စုသို့ဆက်သွယ်ထားသော အုတ်တွင်းချောင်းတံတားပေအရှည် (၆၀)၊ အမှတ် (၁/၂၃)၊ တံတားခံနိုင်ဝန် (၁၃)တန်ရှိတံတား ကျိုးကျမှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့သို့ ကြည့်ရှု့စစ်ဆေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဆိုပါတံတားကျိုးကျမှုကြောင့် ဒေသခံပြည်သူများ သွာလာဆက်သွယ်ရေးလုပ်ငန်းများ ရပ်တန့်ခြင်းမပြုရစေဘဲ သွားလာရန် အ‌ဆင်ပြေစေရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများ၊ တံတားအသစ် ပြန်လည်တည်ဆောက်ပေးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်တည်ဆောက်ရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)