ထန်းတပင် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးရှိ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့် ဈေးသူဈေးသားများက လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစံသိန်း၊ မီးသတ်ဦးစီးဌာန၀န်ထမ်းများ နှင့်ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)