ငွေဆောင် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်း ဟောပြောခြင်း၊ စာအုပ်၊ စာစောင်များပြသခြင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင် ပြသခြင်းတို့အား ယမန်နေ့နံနက် (၁၀း၀၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က(ငွေဆောင်)တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းမှ ကျောင်းသား/သူလေးများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ကလေးအလုပ်သမားများ ဖြစ်ပေါ်လာပုံနှင့် ကလေးအလုပ်သမားနှင့် ပက်သက်၍ သိထားသင့်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ ပြည်သူ့စာကြည့်တိုက်ရှိ အသိပညာ ဗဟုသုတတိုးပွားစေသည့် သုတ ၊ ရသ စာအုပ် စာစောင်များပြသခြင်းတို့အား ဆက်လက် ဆောင်ရွက်ခဲ့ရာ ကျောင်းသား / သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့ လာခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဆောင်