စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

စဉ့်ကိုင် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူးနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက  ကြည့်ရှုစစ်‌ဆေးသည်။

အဆိုပါလမ်း အရှည် ၀/၂မိုင်၊ အကျယ် ၁၂ပေ၊ ဒု ၇ လက်မကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Winner Myanmar Co.Ltdမှ တာဝန်ယူ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီး  လုပ်ငန်းပြီးစီးပါက ကျေးရွာသုံးရွာမှ အိမ်ခြေ ၇၅၀၊ လူဦးရေ ၃၄၀၀တို့၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  သိရသည်။

ကျော်စွာ (စဉ့်ကိုင်)