ဖြူး ဇူလိုင် ၂၂
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇)၌ တရားစခန်းဝင်နေကြသော ယောဂီများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးကုသရာတွင် မြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီနှင့်ဝန်ထမ်းများ၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့က ယောဂီ(၇၂)ဦးတို့အား သွေးတိုး၊ ဆီးချို၊ အဖျားရောဂါ၊ ကိုယ်ခံအားနည်းခြင်းများရှိမရှိ စစ်ဆေးပေးပြီး သွေးတိုး၊ ဆီးချို၊ ချောင်းဆိုး၊ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် အရေပြားယားယံခြင်း၊ ကိုယ်လက်ညောင်းညာခြင်း စသည့်ရောဂါများကို ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)