လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ဘားအံ    ဇူလိုင် ၂၂

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၃၆ ဒသမ ၃၃၄သန်းဖြင့် လမ်းအရှည် (၀/၄ ဒသမ ၅)မိုင်၊  အကျယ် ၁၂ပေ၊ ဒု ၁၃လက်မရှိ နောင်ဘိုကြီး -ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်း မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)‌တာဝန် ဒေါ်ဝင်းဝင်းသန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးချုပ်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာန၊ (ကရင်ပြည်နယ်တာဝန်ခံ)တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)