သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပဆောင်ရွက်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၂) ကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ
Jul 24,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာအချက်လက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်နေ့မှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၁၅၁ ဦးအား UID နံပါတ်များထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်က မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ 
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တောင်တွင်းကြီးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။
ပန်းဘဲတန်းမြို့နယ်  Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး Community Centre ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၃၂)ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဉ်အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် ပြိုင်ပွဲကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။