မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုလိမီတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ကြားနေသော သင်တန်းသား/သင်တန်းသူများအတွက် ဆန်နှင့်ကြက်သွန်နီများကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းခဲ့ရာ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)ရှိ သင်တန်းသား၊ သင်တန်းသူများအား ဆန်(၅)အိတ်နှင့် ကြက်သွန်နီ (၁၀)ပိဿာတို့ကို မုဒုံမြို့နယ် သမဝါယမအသင်းစုလိမိတက်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)