ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ပြုလုပ်ကျင်းပ
Mar 06,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ရေရရှိရေးလုပ်ငန်း ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။