သတင်းများ

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ
Mar 06,2024
ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူဖြစ်စေသည့်အတွက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Mar 06,2024
၂၀၂၄ ခုနှစ်၊ နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က ကျိုက်မရောမြို့ မြို့မဘောလုံးအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၌ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်
Mar 06,2024
ပြည်ထောင်စုနယ်မြေ၊ ​​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ်အရှေ့ပရိယတ္တိစာသင်ကျောင်းတိုက်၌ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးမြင့်အောင်၊ မြို့နယ်သာသနာရေးမှူး ဉီးသိန်းနိုင်ထူးနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။
ရန်ကင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းဟောပြော
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပူတာအိုမြို့နယ်၌ အလေချီ(ဟင်းခတ်အမွှေးအကြိုင်)အပင် ၄၀၉၀ ဧကခန့်စိုက်ပျိုး
Mar 06,2024
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်များဝန်းရံနေသည့် ပူတာအိုမြို့နယ်တွင် ရေခဲတောင်ခြေ ကျေးရွာများတွင် ဒေသအခေါ်အဝေါ်အရ အလေချီ (ဟင်းခတ်အမွေးအကြိုင်) အပင်များအား တွင်ကျယ်စွာ စိုက်ပျိုးလာကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ ဧက(၄၀၉၀)ဧက ခန့်စိုက်ပျိုးထားကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Mar 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ ပျဉ်းမနားမြို့နယ် ရန်နိုင်ရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် ယသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ရပ်ကွက်/ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လဲချားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်
Mar 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းစွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ
Mar 06,2024
ပြည်တက္ကသိုလ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ယင်းတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်အားကစားမှူး၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။